Tuesday, June 15, 2010

ဆည်းဆာ ..အိပ်မက် (၁)

ဆုံတွေ့ခြင်းမှာ တိမ်တွေတောင် ပြုံးလို့
ဘယ်တော့မှ မပြင်တဲ့ ကယ်ရီယာခုံလေးကလည်း မခို့တရို့ 
ကပိုကရို နွမ်းနေပုံကိုက
လွမ်းနေတဲ့ ဒီရင်ဘတ်ကို လန်းစေနေတာ ...
ဘယ်သို့သော စကားလုံးတွေနဲ့မှ အသက်သွင်းစရာ မလိုဘူးလေ အရာအားလုံးဟာ နူးညံ့ခြင်းရဲ့ ဆွဲငင်မှုမှာ တိတ်တဆိတ် သက်ဆင်းလို့ ...
နေစောင်းတဲ့ လမ်းလေးထက်မှာ အပြုံးတွေက ဟိုတစ်စ ဒီတစ်စ ...
လေပြေတိုက်တိုင်း သစ်ရွက်စိမ်းလေးတွေက တဖြတ်ဖြတ် ပြီးတော့
သူ့ဆံပင်လေးတွေ တလွင့်လွင့် ...
အိပ်တန်းပြန် ငှက်တွေ ၀ဲနေတဲ့ ကောင်းကင်ကြီးထဲ ...
ဆွတ်ပျံ့ ကြည်နူးဖို့ကောင်းတဲ့ ပတ်ဝန်းကျင်မှာ သူရယ်၊ ကျမရယ် ...နောက်တော့ စက်ဘီးနီလေးရယ် ...
အရှိန်အ၀ါဆိုတာတွေလည်း အလိုလို... မှိုင်း...... ညို့ ...
အရာခပ်သိမ်းသော ညစ်နွမ်းခြင်းတွေကို .... ပေါ့ ပေါ့ ပါး ပါး ရယ်ဖြစ်ကြတဲ့ အထိ...
အဲဒီ ညနေခင်းလေးဟာ လူးလွန့် လှပစွာ အသက်ဝင်ခဲ့ဖူးတာပေါ့။
တစ်ခါတုန်းကပါ ... ။ ။

2 comments:

  1. လွမ်းဆွတ်ခြင်းရဲ့ ဒဏ်ရာတွေပေါ့...

    btw...အဲဒါ မြန်မာပြည် မဟုတ်ဘူး ထင်တယ် ။
    နောက်က wind tower ကြီးတွေနဲ့...ဘယ်နားမှာလဲ...။

    ReplyDelete
  2. မဟုတ်ဘူး ပြင်သစ်ထင်တာပဲ။ အင်တာနက်က ရတဲ့ပုံပါ။ :)

    ReplyDelete