Thursday, March 26, 2009

အောက်မေ့ဖွယ်ရာ

အလွန်လှပပေမယ့်
အဓိပ္ပာယ် မပြည့်ဝလို့
ယူကြုံးမရ
စွန့်ပစ်လိုက်ရတဲ့ စကားလုံးတွေ။

ဖွင့်ဟခြင်းလက်နက်နဲ့
အခိုင်အမာ စောင့်ကြပ်ခဲ့တာတောင်
ဖိတ်ကျယိုစီး
ခုန်ပေါက်ပြီးထွက်လာ
ရင်ထဲက အကြောင်းအရာတွေ။

ကျွန်တော်နဲ့ ကျွန်မ
တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်မယ်
ဆင်တူ ရှားပါးမဲ့ အဇ္ဈတ္တ
နားမလည်ရှာကြတော့
နှစ်ပြားတန်ပေါ့လို့
မေးငေါ့ကြတာတွေ။

အစကအဆုံး
တစ်ပုဒ်လုံးပြီးကာမှ
ယောင်ချာချာနဲ့
ခေါင်းစဉ်ရှာမရတဲ့အဖြစ်တွေ။

ဒီလိုနဲ့လေ
သက်တမ်းရဲ့ထက်ဝက်
နီးသထက်နီးလာ
အဆုံးမှာ
"ယောနိသော မနသီကာရ"
သူနဲ့သာ မေတ္တာမျှ
ဘ၀ဆိုတာ
ကဗျာတစ်ပုဒ်
အဟုတ်ကို အောက်မေ့ဖွယ်ရာ။ ။

မိကောက် (ခပ်ညံ့ညံ့ ကဗျာများ မှ)






No comments:

Post a Comment