Thursday, March 26, 2009

အချစ်ရေ........

နာလွန်းတဲ့ရင်
ကဗျာတွေနဲ့
ပြတ်စဲချင်ပြီတဲ့
အလိုလိုက်ခံရတဲ့ နှလုံးသားက
ကိုယ့် ယိုယွင်းဦးနှောက်ကို
အချစ်ရေ
အဲသလို ခြိမ်းခြောက်နေပြီ။

ပိုင်ဆိုင်ခဲ့ဖူးတဲ့
ခွန်အားတချို့
ပြန်ရဖို့တမ်းတလဲ
အချစ်ရေ....
အမြဲအနိုင်ရနေကျ နှလုံးသားက
ကိုယ့် ချိနဲ့ဦးနှောက်များကို
သနားဖို့ မတတ်နိုင်တော့ဘူး ထင်ပါရဲ့။

ဝက်ဝက်ကွဲပဲ
ငါနဲ့ ငါ့ပြိုင်ပွဲမှာ
ငါ့ကိုယ်ငါ ရှုံးနိမ့်ခဲ့ရတာနဲ့အမျှ
အချစ်ရေ.....
ငါ့အထဲမှာ မင်း ရှင်သန်လာတယ်။

မင်းခေါင်းစဉ်အောက်
ခြောက်သွေ့ဝိညာဉ်
သက်ငင်ယောင်ချာ
အချစ်ရေ......
အချစ်ရေ......
ဟိုဒီ လူးလာနေရှာခဲ့။ ။
မိကောက် (ခပ်ညံ့ညံ့ ကဗျာများ မှ)

No comments:

Post a Comment