Tuesday, July 13, 2010

တယာဆရော် .....



တယော တစ်လက်ကလည်း
ဒီရင်ကို ၀ုန်းဒိုင်းကြဲစေတာပါပဲလား...
သေသေသပ်သပ် အပြုံးနဲ့
ခဏခဏ လွင့်ထွက်သွားအောင် ခင်ဗျားမို့ ပြုံးရက်တယ်...
အိပ်ရေးတွေပျက်... အဖျားတွေလည်း တတ်တယ် ဆရာ..
တယောတစ်လက်ကြောင့် တောနက်ထဲဝင်တယ်တဲ့ (အဟက်)
ဘယ်လို တရားနဲ့မှ ဖြေမရသေးဘူးဗျာ...
ခင်ဗျား ထပ်ပြုံးပါဦး ...
အဲလို အပြုံးမျိုး ခင်ဗျားကလွဲ..ဘယ်သူမှ မပြုံးတတ်ဘူး
ဘေးကျပ်နံကျပ် အသက်ရှုပါရပ်တယ်...
တဟုန်းဟုန်းနဲ့ ထထတောက်တယ်...
ဟောဒီမှာ ...အဖြူရောင်မီးတောက်.. !
ကျုပ်ကို အရှင်လတ်လတ် ပြုံးပြပြီးမှ သင်္ဂြုဟ်ပါလေ ...

SUMMER.

1 comment:

  1. အင်း သဂြိုင်္ဟ် ပါနဲ့ ဦးး)) အေးဆေး ပေါ့ ငါ့ညီမရယ် နောက်တလက်ပေါ်လာဦးမှာပါ။ :P

    ReplyDelete