Monday, April 27, 2009

ခေါင်းစဉ်မရှိပါ။

ဧပရယ် ရောက်တာတောင် နွေမဟုတ်ဘူးတဲ့
ရာသီဥတုခပ်ဆိုးဆိုးနဲ့ ခဏခဏရန်ဖြစ်ရတာလည်း
အင်မတန်ပင်ပန်းတယ် မေမေ...။

ဆာကူရာတွေက လှပါတယ် ....
ဒါပေမယ့် မေမေရယ် ...
ပိတောက်ဝါ၀ါတွေလောက် ရင်ခုန်ဖို့မကောင်းသလို

အဖွားခြံထဲက စံပယ်ရုံတွေလိုလည်း မမွှေးပျံ့ဘူးလေ..
ဘာမှန်းမသိ... မုန်းတယ် မေမေ။

ခံစားချက်တိုင်းက ကြည်နူးဖို့ တစ်စက်မကောင်းဘူး..
ဘ၀ ဆိုတာကလည်း အလယ်တန်းကျောင်းတုန်းက
ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်လောက်တောင် ဖတ်လို့မှမကောင်းပဲ..
စိတ်နာနာနဲ့ လွမ်းရတာလောက် ခါးတာမရှိဘူး မေမေ...။

ဇော်ဝင်းထွဋ်က ပဲရစ်မြို့နဲ့ ချစ်သူကို မလဲနိုင်သလိုမျိုး
ကျမကလည်း ပုပ္ပါးတောင်နေရာမှာ ဖူဂျီတောင်ကို အစားထိုး၊
အို...ခံစားလို့ကို မရပါဘူး.......
လိုအပ်တာထက် ပိုလွမ်းတတ်လွန်းလို့
ကျမတစ်ယေက်တည်း မိုးတွေအုံ့
ရွာချင်တိုင်း ရွာနေတယ် မေမေ။ ။

3 comments:

  1. “ဘ၀ ဆိုတာကလည်း အလယ်တန်းကျောင်းတုန်းက
    ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်လောက်တောင် ဖတ်လို့မှမကောင်းပဲ..”

    “ဇော်ဝင်းထွဋ်က ပဲရစ်မြို့နဲ့ ချစ်သူကို မလဲနိုင်သလိုမျိုး
    ကျမကလည်း ပုပ္ပါးတောင်နေရာမှာ ဖူဂျီတောင်ကို အစားထိုး၊
    အို...ခံစားလို့ကို မရပါဘူး.......
    လိုအပ်တာထက် ပိုလွမ်းတတ်လွန်းလို့
    ကျမတစ်ယေက်တည်း မိုးတွေအုံ့
    ရွာချင်တိုင်း ရွာနေတယ် မေမေ။ ။”

့ဖြစ်သမျှအလွမ်းထဲမှာ home sickness လောက်ခံရခက်တာ မရှိဘူး...။အခုလည်း တရေးနိုးကြီး..ပြန်အိပ်မရ...ကောင်းကင်မှာ ပျောက်နေတဲ့ကြယ်တွေကို ရှာငေးနေရင်း..အိမ်ကို လွမ်းနေရတယ်..။
    ဒီအချိန်မှာ ဒီကဗျာလေး ဖတ်မိသွားတယ်....။

    sidebar ပေါ်က ကြည်အေးရဲ့"တစ္ဆေ"ကဗျာကလည်း လူကို ခြောက်လှန့်နေ...သိသပေါ့...တစ္ဆေ ငါကိုယ်တိုင်ပါပဲ ဆိုတာ...။

    ReplyDelete
  2. ဒီကဗျာလေး သဘောကျတယ်... အိမ်လွမ်းသူတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်။

    ReplyDelete
  3. ဒီကဗျာလေး ငါအရမ်းကြိုက်တယ်...

    "ခံစားချက်တိုင်းက ကြည်နူးဖို့ တစ်စက်မှမကောင်းဘူး..
    ဘ၀ဆိုတာလဲ အလယ်တန်းကျောင်းတုန်းက
    ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်လောက်တောင် ဖတ်လို့မှမကောင်းပဲ..
    စိတ်နာနာနဲ့ လွမ်းရတာလောက် ခါးတာမရှိဘူး မေမေ။"

    homesick ဖြစ်နေတဲ့ သူတွေအတွက် ... ဒီကဗျာလေးက ပိုပြီးလေးနက်သွားစေတယ်..ဟာ

    ReplyDelete