ကဲ...ဘာတတ်နိုင်မှာလဲ..။ဘန်ကောက်သင်္ကြန်မကျရ တိုကျိုသင်္ကြန်ပဲကျမယ်ဟဲ့ဆိုပြီး အားခဲထားလိုက်တယ်။
တိုကျိုသင်္ကြန်က ၁၂ ရက်နေ့ (တနင်္ဂနွေနေ့) လုပ်တာ...။ Inogashira ပန်းခြံမှာ..။
တကယ်လည်း တနင်္ဂနွေနေ့ရောက်ရော နေမကောင်းလို့ ထတောင်မထနိုင်တော့ဘူး..။ ကဲ...ဘာတတ်နိုင်မတုန်း အိမ်မှာပဲ သင်္ကြန်သီချင်းတွေဖွင့်ပြီး စိတ်မကောင်းကြီးစွာဖြင့် တကိုယ်တည်း သင်္ကြန်ကျလိုက်ရတယ်...။
မြန်မာရှိရင် သင်္ကြန်ရှိတယ်...မြန်မာတွေ ဘယ်နေရာရောက်ရောက် သင်္ကြန်တော့ ဘယ်တော့မှ မမေ့မလျော့..။ အလုပ် အလုပ်ချည်းပဲ ဖြစ်နေကြတဲ့ ဂျပန်က မြန်မာတွေတောင် မရောက်ရောက်အောင်လာပြီး သင်္ကြန်ပွဲကို ဆင်နွဲကြပါတယ်။ ဒါကတော့ တိုကျိုသင်္ကြန်က ဓါတ်ပုံတွေပါ။ ကိုယ်မသွားဖြစ်ပေမယ့် အိမ်က လူတွေသွားကြလို့ ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ် =] . ဂျပန်ပြည်က မြန်မာတွေလည်း သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်လို့ ...........
တီးကြ၊ ဆိုကြ ကကြနဲ့ပေါ့ ..။
“ဒီမှာလည်းသွားကြည့်လို့ရတယ်”
summer
့မြန်မာရှိရင် သင်္ကြန်ရှိတယ်...ဆိုတာလေး သဘောကျတယ်..။
ReplyDeleteစည်းလုံးခြင်းရဲ့ သီချင်းလေးလာနားထောင်သွားတယ်..။
အားလုံးပဲ နှစ်သစ်မှာ စည်းလုံးကြပါစေ..။
ကောင်လေးလည်း အော်စလို သင်္ကြန် ကဲခဲ့တယ်.. ဓါတ်ပုံတော့ ရိုက်ခဲ့ဘူး.. ဟီးဟီး အပျော်လွန်သွားလို့..။ You Tube ကဘဲ ကြည့်လိုက်တော့နော်..။
ReplyDeleteရေပန်းအောက်လည်းရေဝင်မချိုးလိုက်ဘူးလားညီမရေ..း)
ReplyDelete