Friday, June 11, 2010

မေမေ


မေမေ ... လွမ်းလွမ်းဆွတ်ဆွတ်ပါပဲလေ..
နှလုံးသားတွေ ဖြစ်ညှစ်ဆုပ်ကိုင်ခံလိုက်ရသလို...မေ့မေ့ကို သတိရတယ် ...
တစ်ယောက်တည်းပါပဲလေ...အနားသတ်တွေ ဖွာလန်ကြဲနေ့တွေထဲ မေမေ့ အကြင်နာတွေ ပြင်းပြင်းပြပြ ဆာလောင်နေတယ်မေ ..
တမြေ့မြေ့နဲ့ လျှောဝင်နေတဲ့ ဘ၀ကျင်းထဲ မေမေသာလျှင် ခွန်အားပါပဲ ...
မေမေရယ် .. ရင်ခွင်ထဲတိုးပြီး ရှိုက်ကြီးတငင်ငိုလိုက်ချင်တယ်.....
ပူလောင်မှုတွေများသထက်များလာတော့မှ မေ့မေ့ အေးမြခြင်းတွေကို သတိတရနဲ့ တန်ဖိုးထားတတ်လာတယ်ဲ...
မေမေရယ် ... လဲကျလိုက် ပြန်ထလိုက်နဲ့ ဒါဏ်ရာတွေချည်းပဲ အလကားပေးတတ်တဲ့ လောကကြိုးဝိုင်းကြီးထဲ မေမေ တစ်ယောက်တည်းဆီမှာပဲ ဖြူစင်တဲ့ ချစ်ခြင်းတွေရှိတာတဲ့ ....တကယ်တော့ မေမေဟာ ဘယ်တော့မှ အာနိသင်မကုန်ခမ်းတဲ့ ဆေးတခွက်ပါပဲ ...။
ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်းမှ မဟုတ်တော့ပါဘူး..မေမေ့လက်နဲ့ ကျွေးတာ ဘာမဆို တမ်းတမ်းတတ ငတ်မွတ်နေပြီ မေမေ..မဲ့ပြုံးလေးကိုလည်း မြင်ယောင်နေမိပါရဲ့ ...
မေမေ့အပါးက ကျောခိုင်းမိတဲ့ ငှက်ကလေးပါ မေမေရယ်.. မိုးဒါဏ်၊ လေဒါဏ်နဲ့ လောကလွင်ပြင်ကျယ်ကြီးထဲ မုန်တိုင်းမိတော့လည်း ဘယ်သူကမှ(မေမေ့လို) စိုမှာစိုးလို့ မိုးမပေးကြပါဘူး...သက်ပြင်းတွေ အလီလီချမိလည်း (မေမေ့လို )ဘယ်သူကမှ ဂရုဏာအပြည့်နဲ့ ကျောသပ်ပေးတာမဟုတ်ဘူးမေ ... မေတ္တာတရားမရှိနိုင်တဲ့ ခေတ်ပျက်ကြီးထဲမှာ ဆင်လိုလို သမင်လိုလိုလူတွေချည်းပါပဲမေမေ....ဘာကိုမှ အပြစ်ပုံချလို့မရတဲ့ အဆုံးမှာ .. let it be .. let it be, let it be, let it be. ... Whisper words of wisdom, let it be.... မေမေ အမြဲဆိုနေကျ သီချင်းလေးကိုပဲ တညည်းညည်း.... ကြေမွအက်ကွဲနေတဲ့ နေ့တွေထဲ..တရွေ့ရွေ့နဲ့ ခရီးဆက်ရဦးမယ်မေ... တောင်းဆုတွေသာ အလီလီ ပန်ကြားနေနိုင်သေးတဲ့ ဘ၀သေးသေးလေးပါပဲ..ဒါပေမယ့် မပျက်မကွက်ဆုတောင်းနေမိတာတော့ မေမေ...ပျော်ရွှင်ပါစေ..
မေမေ ... ကျန်းမာပါစေပါပဲ ...သိပ်အရေးကြီးတယ်ဆိုတာ နားလည်ပြီမေ..ဆုံးရှုံးခြင်းတွေ တစတစတိုးတတ်လာတဲ့ ဘ၀ထဲမှာ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တာ မေမေ တစ်ယောက်သာရှိတယ်ဆိုလေ ....

Wednesday, June 2, 2010

ဘာကြီးလဲ???!!!

အခုတလော ...
စိတ်ကို စိတ်က ပြန်ညစ်တယ်.
လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ BLAH BLAH BLAH.... တောက်!
မင်းနာမည်လေး ဘယ်လိုခေါ်လဲဟင် .. ကျွတ်! စိတ်ရှုပ်ပါတယ်ဆိုမှ ..
စိတ်မ၀င်စားပဲ လာမေးတဲ့ နုံနုံချာချာ မေးခွန်းတွေ၊
သွားစမ်းပါ ...အလာပသလာပတွေနဲ့ အဆင်မပြေတတ်တာ သိသားနဲ့ .

ဒေါက်ဖိနပ်အမြင့်ကြီးတွေရယ်၊ ပလီစိခြောက်ချက်ပြောပြီး ရှုံ့ချကြည့်နဲ့ ကြည့်တဲ့ မိန်းမကြီးတွေရယ် ၊ ဆံပင်ဖြောင့်ထားပြီး မှန်ခဏခဏကြည့်တဲ့ ယောက်ျားတွေရယ်၊ တောင်မရောက် တောမရောက် ကမြောက်ကခြောက်နဲ့ မြောက်ကြွကြွဖြစ်နေတဲ့ ကောင်တွေရယ် ... ဘယ်လိုဟာတွေနဲ့ လာတွေ့နေပါလိမ့်???!!
ကျောင်းဝတ်စုံ .. မနက်စာ ... ကွန်ပြူတာ .. .နေ့နဲ့ညနဲ့ မှားမည်တဲ့ Alarm ၊ခပ်ချာချာ ဗီဒီယို.. ၊ပလီပလာ ဇာတ်ထုပ် GRRRRRRRRRRrrrrrrrr ..

A:"စိတ်ညစ်နေရင် .. အင်းယားသွားရအောင်" (လွမ်းထှာ)
B:ဂစ်တာ တီးပြရမ်း!
A:အားအားယားယား နင်ခိုင်းတိုင်း လုပ်စရာလား (သောက်ချိုးကို မပြေဘူး )
A:ပြော... ငါ့ကို မုန်းတယ်ဆိုလည်း ပြော .... ( သတိရတယ်ဟယ် ..)
A:သောက်ရူးလိုပဲ တော်ပြီ.. နင့်ကို! ( :P )
B:ဖုန်းမကိုင်ဘူး .. ဘယ်မှာ သွားသေနေလဲ??
A:မင်း အပူ ပါလား ( သေချင်းဆိုး.. အဲဒါတွေ သောက်မြင်ကတ်တာ)
A:လိမ်လိမ်မာမာနေပါဟာ.. ငါစိတ်ညစ်ဘီ (ဟယ်... နင်ချစ်ဖို့ ကောင်းတယ်!!!!)
အဲလို အဲလို အချိုးမပြေတဲ့ စကားတွေ... အချိုးမပြေတဲ့ ငတိ...
စက်ဘီးအနီနဲ့ ဂျင်းပန်ဝတ်တဲ့ ငတိ၊အရပ်ရှည်သလောက် စိတ်မရှည်တဲ့ ငတိ၊ ရေကြောင်းဝတ်စုံနဲ့ ကြည့်ကောင်းတဲ့ ငတိ .. ငါ ငေးလောက်အောင် ပြုံးတတ်တဲ့ ငတိ ..ဘယ်မှာ သွားဂိနေသလဲ....??? နင့်အကြောင်းတွေးမိတိုင်း ကယောက်ကယက်နဲ့ သွပ်သွပ်မခါသေးတာတောင် နည်းနည်းတော့ 'ဂါ' တယ်ဟယ်...ဘာဖြစ်လဲ ...!!
Breaking Benjamin သီချင်းတွေ နဲ့ လောင်သွားတဲ့ ဆေးလိပ်တို ၊ကော်ဖီခွက်ထဲ မျှောချလိုက်တဲ့ ကဗျာတွေ .. တချက်တချက် လေအေးတိုက်တဲ့ ပြူတင်းပေါက်၊ မီးအမြဲလာတဲ့ ရာသီဥတု ... ရှိတယ် ရှိတယ် ရှိနေတယ်.. ဒါပေမယ့်လည်း လွမ်း.... ကို...လွမ်း....တယ် ... နင့်ကိုပါပဲဟယ် ...


[ဘာတွေရေးနေမှန်းလည်း မသိဘူး၊ ]
စိတ်လေတယ် ...

Sunday, May 30, 2010

ဗီလိန်

ဟိုး....ဇာတ်လမ်း အစကတည်းက
ကိုယ့်ဓါးကိုယ်ဆွဲ ရင်ဝကိုစိုက်ပြီး
ရဲရဲကြီးသေပလိုက်ဖို့ေ
ကာင်းတ
ခုတေ
ာ့ အဲဒီ ခပ်ညံ့ညံ့ ဇာတ်ဝင်ခန်းမှာ..
လွမ်းချင်ရက်နဲ့ ကြမ်း
ကြမ်းချက်ရက်နဲ့ လွမ်းနေရတာ

အမည်မဲ့ ဒါဏ်ရာတွေကိုပဲ တခုတ်တရ..
ဒီ ဘ၀ကြီးကိုက ခြော
က်သွေ့ အက်ကွဲလွန်းတယ်..

ကိုယ့်ကိုယ်တိုင် နာကျင်နေရတဲ့ ဇာတ်မှာ
ကျုပ်က ဘယ်သူ့ကို ကြင်နာပေးရဦးမှာလဲပြော ဇာတ်ဆရာ..!
မိုက်လက်စနဲ့ ကန်းကုန်အောင်ဆက်မိုက်ပါရစေတော့..
ခင်ဗျား ဓါးချက်တိုင်း ကျုပ်ရင်ဝကို တည့်တည့်မှန်တာချည်းပါပဲ..
ကျုပ် ကျရှုံးခြင်းမှာ ခင်ဗျာ့ ပရိတ်သတ်လက်ခုပ်သံလေ ..
ကျုပ် မျက်ရည်ဟာ ခင်ဗျားအတွက် အကောင်းဆုံး ဇာတ်ကွက်တွေပေါ့..

ဒီ ရင်ကျိုးပေါ်နင်းခြေသွားရင်း ဆုတွေအလီလီ ဆွတ်ခူးပေတော့ ဇာတ်ဆရာ ..
ပြင်ဆင်ခွင့် မရှိ၊

ရွေးချယ်စရာ မရှိတဲ့ ဒီဇာတ်ရုပ်ကို ခင်ဗျားကြီး အလိုကျ ကျုပ် 'က'ခဲ့တာ..
ရွှေ့စရာအကွက်တွေ ကုန်ရင်
ကျုပ်ကို ထိုးကြွေး ..ခင်ဗျားလက်ထဲက နယ်ရုပ်ဟာလည်း ကျုပ်ပဲတဲ့လေ..

လောဘကြီးတဲ့ ဇာတ်ဆရာရေ...
ခင်ဗျား လက်နဲ့ ရေးတဲ့ ဇာတ်ညွှန်းမှာ
ကျုပ်တစ်ဘဝလုံး စုတ်ပြတ်သတ်သွားပြီပဲ
နောက်ဆုံး ဇာတ်သိမ်းခန်းမှာတော့ ခပ်ပြင်းပြင်းလေးရယ်မောပါရစေလား...
ယုံထားလိုက်စမ်း
အဲဒီ 'ကဒ်' တစ်ခွန်းတည်းနဲ့တင်
ကျုပ် နှလုံးသားကို ထိုးခွဲ သတ်ဖြတ်ပစ်နိုင်တယ်ဆိုတာလေ ..
'ရသ' မြောက်ပါတယ်ဗျာ ..
ခင်ဗျားရဲ့ ရိုက်ချက်တိုင်းမှာ
စနစ်တကျ ရှုံးနိမ့်ဖို့ အသင့်ဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်ပေါ့...
ဒီအချိန်ရောက်မှတော့ ကားလိတ်ချသင့်ပြီ ဇာတ်ဆရာ ...
ဒီဇာတ်လမ်းကို ဖလင်တလိပ်စာ ပြန်မစချင်နဲ့
နိုးလိုက် မျောလိုက် ပြိုလဲလိုက်နဲ့ အရိုင်းဆန်တဲ့ ညတွေထဲမှာ
ကျုပ်တစ်ယောက်တည်း ပဒိုင်းပင်လို ပွင့်နေရတာ..
ဘာ မျှော်လင့်ချက်အစုတ်အပြတ်တွေမှ
သမန်ကာလျှံကာ ထပ်မပေးနဲ့..
ဖွာလန်ကြဲ မာနတွေနဲ့ ကျုပ် ...
ပျောက်...ဆုံး...လက်...စ...နဲ့...ပျောက်...ဆုံး...နေ...ပါ...စေ့...တော့...လေ

[summer way]

Wednesday, January 20, 2010

အလွမ်းများနဲ့ ငါ့ညတွေ


ဒါပါပဲ
ငါရူးချင်ယောင်ဆောင်လိုက်ရတဲ့အကြောင်းရင်းက
နင့်မှော်ဝင်ညတွေထဲမှာ ကူးလူးပျံသန်းနေတဲ့
ဟောဒီ ရင်ဘတ်နဲ့ဆောက်တဲ့ ချစ်ခြင်းဖွဲ့အတောင်ပံတွေကို အားနာလာလို့ပါ...။
ဒါဏ်ရာတွေနဲ့ချည်းပဲ လာဖွဲ့နွဲ့တဲ့ နွယ်ပင်ရေ....
ပြောရရင်လည်း ရင်ဘတ်ရော ကျောရော အောင့်အောင့်လာတယ်...
တတောလုံးရှင်းပြီးမှ အမြစ်တွယ်ကျန်နေတဲ့ မြက်ပင်ငယ်လို...
ဆွဲနှုတ်ကြည့်မှ...
ငါ့သံယောဇဉ်အမျှင်တွေက တဆိတ်ရှည်လွန်းနေတယ်....
ရင်ခုန်သံတွေ နင့်မျက်ဝန်းတွေနဲ့အတူ တလှေကြီးပါသွားကတည်းက
အဲဒီသံယောဇဉ်အမျှင်တန်းတွေ ငါ့ရင်ခွင်တလွှမ်းမှာ ခြေကျင်းလိမ်နေတော့တာပဲ
ဒုက္ခပါပဲ ဘယ်ဘုရားအဆူဆူမှ မကယ်နိုင်သေးဘူး..
ဟူး....မမှီမကမ်းနဲ့ လွမ်းတယ်..

အဖြူရောင်ကိုမှ မီးနဲ့ရှို့တယ်..
မညှာမတာ ရင်ဘတ်ထဲမှာ ရှိရှိသမျှ အားလုံးကိုလည်း ဆွဲယူရှိုက်သွင်းပါရဲ့...
တခါတခါ ဂရုစိုက်သလိုလိုနဲ့ ငါ့ချစ်ခြင်းအားလုံးကို ခြွေခြွေချတယ်..
နောက်ဆုံးတော့လည်း ငါ့အိပ်မက်တွေ တွန့်လိမ်ကြေမွတဲ့အထိ ထိုးခြေငြိမ်းသတ်ခံလိုက်တယ်..
ဒါက ဖြစ်ရိုးဖြစ်စဉ်လား... ငါကိုယ်က ကြမ္မာငင်တာလား..
ဒါမှမဟုတ် နင့်နှုတ်ခမ်းနဲ့မှ အငွေ့ထွက်တဲ့ ဆေးလိပ်လေးဟာ ငါပဲလား...
မဆုံခင်ကတည်းက နှုတ်ဆက်ရမှာ သိပြီးသားပဲ...
စကားသံတွေကို မြိုချနေတဲ့ကြားက မတော်တဆအသံထွက်သွားခဲ့တာ..
ချစ်တယ် ဆိုတာ ရင်ဘတ်စီးချင်းထိုးရင်းထွက်ကျလာတဲ့ အသံလား..

မျက်ဝန်းများနဲ့ နမ်းပါ..
နင်နဲ့ငါနဲ့ကြားက အဖြူရောင်နေ့ရက်တွေကို လွမ်းတယ်..
နင်က ခပ်လွယ်လွယ်နာကျည်းဖို့ပဲ..
ငါကတော့ နာနာကျင်ကျင်... နင့်ကိုချစ်တယ်
အဲဒီစကားလည်း .. မပြောဖြစ်ခဲ့ပါဘူး...
နွေရာသီ ဘယ်နှခုကူးပြီးမှ နင်ငါ့ကို နားလည်မှာလည်း..
နင်ဂစ်တာသံတွေတိတ်ဆိတ်
နင်ရင်ခုန်သံတွေကိုမကြားရတဲ့နေ့..
ငါဘယ်လိုစိတ်တွေ အိပ်လို့ရမှာလည်း..
နင်ကတော့မညှာမတာ... ငါ့ကိုအနိုင်ရသွားတယ်...
ငါကတော့ နင့်အကြောင်းကဗျာတွေနဲ့..
ညတွေထဲမှာ ကြေကွဲနစ်မြုတ်...
နင်..ငါကိုထားသွားတဲ့ညမှာ ဒီကဗျာတစ်ပုဒ်နဲ့ ငါနောက်ဆုံးလွမ်းမယ်...
နင်နဲ့ ဘယ်တော့ မှပြန်မဆုံမယ့် ဘ၀သံသရာ တေးသီချင်းတစ်ပုဒ်စာ...။


နွေဦးပုံပြင မိုးလှိုင်ည

Tuesday, December 22, 2009

D E C E M B E R


သို့ ဒီဇင်ဘာ ,...
အစကတည်းက မကောင်းခဲ့တဲ့ဇာတ်၊ ခေါင်းမကွဲရင်တောင် နှဖူးလောက်တော့ ပေါက်ခဲ့ဖူးပါတယ်
တော်ပါပြီ... ဆောင်းတွင်းကြီးရတဲ့ဒါဏ်ရာ ဘာဆေးထည့်ထည့် အမာရွတ်ကျန်ပါတယ်...
အချိန်တန်ရင် တဆစ်ဆစ်နာလို့ နေရထိုင်ရလည်းခက်ပါတယ်..
နင့်ကို မြင်ရုံနဲ့ ရင်မခုန်မိအောင် ကြိုးစားနေတယ် ဒီဇင်ဘာ...
ကဲ...ကြွေလွယ် လွင့်လွယ်တဲ့ သစ်ရွက်ခြောက်လိုပဲ သဘောထားပါတော့...
အပျင်းပြေနင်းခြေသွားရင်လည်း သွေးပျက်ပြီး ၀မ်းနည်းမနေတော့ပါဘူး
ကျေနပ်ပါတော့ ဒီဇင်ဘာ .....
အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေကြားမှာလည်း ငါ့မာနတွေ ရေမျောကမ်းတင် မဖြစ်မခံနိုင်တော့ပါဘူး
အချစ်တွေ မီးစာကုန်ရင် အလွမ်းတွေလည်း သူ့အလိုလို ချုပ်ငြိမ်းသွားမှာပါ .. စိတ်မပူပါနဲ့ ဒီဇင်ဘာ..
ငါ့ကိုယ်ငါ တည်ဆောက်၊ ငါ့ကိုယ်ငါ ဆုံးမပြီး စိတ်တံခါးတွေကို နင့်လေရိုင်းတွေ ၀င်မလာအောင် အလုံပိတ်ထားပါတယ်..
နေတတ်သလိုနေလိုက်ပါတော့ ဒီဇင်ဘာ...
မစာမနာပြောခဲ့တဲ့ စကားလုံးတွေကိုလည်း စေ့စေ့တွေးတိုင်း ရေးရေးပေါ် နာရကောင်းမှန်း သိလာပါပြီ ..
တိုက်ဆိုင်မှုတွေ ကြုံလာတိုင်းလည်း မျက်နှာလွှဲ၊ခဲပြစ် နေနိုင်နေပါပြီ... ဘာကိုမှ အစပြန်မဖော်ပါနဲ့တော့ ဒီဇင်ဘာ..
ဒါကုန်ရင်တော်ပါပြီ... တစ်နှစ်တာ အလွမ်းစာရင်းချုပ်ပြီး အရင်းရော အမြတ်ပါ နင်ယူသွားပါတော့ ဒီဇင်ဘာ..
သတိလက်လွတ် သတိရခဲ့ရင်လည်း အမှတ်မရှိတဲ့ ငါ့ကိုယ်ငါ ပက်ပက်စက်စက် ကျိန်စာတိုက်ပြီး နေပလိုက်မယ် ဒီဇင်ဘာ... ပတ်သက်ခဲ့တာတွေကို အိပ်မက်၊မက်ရင် ပရိတ်ရေသောက်အိပ်ပါ့မယ်.... နင့်ကိုတော့ အကြီးအကျယ် သပိတ်မှောက်ပါတယ် ဒီဇင်ဘာ...
ဘာပဲဖြစ်ဖြစ် တောင်းပန်စကားတွေလည်း မလိုတော့ပါဘူး . ငါ့ကို သနားရင် နင့်ရဲ့ နာမည်ကြီးတဲ့ အပြုံးတွေကို ငါမျက်လုံးတွေက မမြင်မိအောင် တဆိတ်လောက် သိမ်းထားပေးစမ်းပါ ...
အလွမ်းတွေကို မောင်းထုတ်ရတာလည်း ရူးလောက်အောင် ပင်ပန်းပါတယ်... အစကတည်းက လွမ်းစရာတွေ မများခဲ့ရင်ကောင်းသား....ခုတော့ နောင်တတွေ တောင်လိုပုံနေတယ် ဒီဇင်ဘာ... ပြုစားခံလိုက်ရတဲ့ အိပ်မက်တွေရယ်၊ အကျဉ်းတန်သွားတဲ့ ညနေခင်းတွေရယ် ငါ နှမြောသလိုလိုတော့ ရှိတယ် သြော်.. (သောက်ရေးထဲ)...တော်ပါပြီ.. တော်ပါပြီ နင်ပေးသနားထားတဲ့ ဒုက္ခကပ်ဆိုးကြားက ငါ့နေ့တွေ ညတွေကိုလည်း စိတ်ကုန်နေပါပြီ ... ကုန်ပါစေ..လွန်ပါစေပေါ့.... ထမင်းစား၊ရေသောက်၊ ဂိမ်းဆော့၊ ကလပ်တက်ရင်းပဲ ပြီးစလွယ်မေ့ပလိုက်ပါ..ကျေနပ်ပါတယ် ဒီဇင်ဘာ ...
ငါ့ကတော့ Cappuccino မသောက်ဘူး... စာမျက်နှာ ၁၅ မဆိုတော့ဘူး...
ဒီဇင်ဘာရေ .... နားလည်ပါ။ ။

Saturday, October 31, 2009

တောင်စဉ်ရေမရ..ရန်ကုန်

မီးပွိုင့်တွေ နီတယ်၊
စိမ်းတယ် ၊ ၀ါတယ် ။
လမ်းမီးလေးတွေ မှုန်ပျပျနဲ့
မုန့်ဟင်းခါးအလွတ် တစ်ပွဲ ၅၀၀ ဖြစ်သွားတယ်...။

မြို့လည်ခေါင်က တိုက်တွေ ပိုဟောင်းလာတယ်
တည်းခိုခန်းတွေ များလာတယ်၊
ဘက်စ်ကားခတွေ ဈေးတက်သွားတယ်
ရေသန့် တစ်ဗူး ၃၀၀ ဖြစ်သွားတယ်
စာရေးဆရာနီကိုရဲ သေသွားတယ်၊
သြော်...
အရင်အတိုင်းပဲ နင့်ကို ချစ်တယ်။

လဘ္ဘက်ရည် ပေါ့ဆိမ့်သောက်ပြီး
ရိုးရိုးတစ်ခွက်ကို ဘေးမှာထားတယ်
အဲဒီလိုပဲ ခပ်ကြောင်ကြောင်နဲ့
နင့်ကို ငါလွမ်းတယ်။
မြေနီလမ်းမှာမှ ကြွေခဲ့တဲ့
ခရေပန်းတွေမရှိတော့ပေမယ့်
နင်ရှိခဲ့တဲ့ နေရာလေးမှာ
ငါတစ်ညနေလုံး ထိုင်ပြီး ငိုင်တယ်..
အလင်းပြပြနဲ့ မိုးရွာတဲ့ မနက်မှာ
နင်ထွက်သွားတော့
ငါ့မျက်နှာတစ်ခုလုံး ရွဲရွဲစိုအောင်သည်းတဲ့မိုးရယ်၊
စကားလေးတစ်ခုရယ် ရှိုက်သံသဲ့သဲ့ရယ်၊
ဒါပါပဲ နင့်ကို သိပ်ချစ်တယ်...။

မျှော်လင့်ချက်တွေ နင်းခြေခံရတဲ့နေ့
အဲဒီနေ့က မန်ယူရှုံးသွားတယ်...
ဂစ်တာကြိုးလေးလည်း ဖရိုဖရဲ၊
ကြယ်လေးတွေ ဟိုတစ်စ ဒီတစ်စနဲ့
လမ်းမကြီးဘေးမှာ....
မူးတူးတူးရီဝေေ၀နဲ့ အိမ်အပြန် မိုးလင်းခဲ့တယ်..။


တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ အနီရဲရဲသွားတွေရယ်၊
ပါးချိုင့်လေးရယ်၊
လမ်းကူးတိုင်း ကမ်းတဲ့လက်တွေရယ်၊
တောင်ပြော မြောက်ပြောပေမယ့်
ခပ်ပြင်းပြင်း ရင်ခုန်စေတဲ့ စကားတစ်ချို့ရယ်၊
ရောင်စုံမီးတွေနဲ့လှတဲ့ ညရယ်၊
မောင်မောင်ဇော်လတ် သီချင်းရယ်၊
အညိုရောင်သန်းတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ကမ်းနားရယ်၊
အိမ်ပြန်ချိန် ပဋိပက္ခတွေရယ်...
အ ရာ အား လုံး တိတ် ဆိတ် ငြိမ် သက် စွာ ….
ကွဲအက်နာကျင်စွာ...
ထားခဲ့လိုက်တယ်...
ထားလိုက်ပါတော့လေ....